မြန်မာတစ်ယောက်အနေဖြင့် မြန်မာစာ မြန်မာစကားကို ကိုးကားရေးသားရသည်မှာ မသိသာပေမဲ့ အမှန်တစ်ကယ်၌ မြန်မာစာ မြန်မာစကားသည် အလွန်ကြွယ်ဝပေသည်။ ဘာသာစကားအမျိုးမျိုး၌ မြန်မာစကားသည် လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် ဆိုသလိုသာဖြစ်ပေသည်။ မြန်မာစာအရေးအသား နှင့် အဖတ်အရှု့တို့တွင် ဖတ်တော့အသံ ရေးတော့အမှန် ဟူ၍လည်းရှိပေသည်။

မြန်မာစကားကို ရှုပ်ထွေးလှသည့် သပွတ်အူပမာဖြင့် နှိုင်းရသော်လည်း မမှားအံ့။ ပမာဆိုရသော် မြန်မာစကားကို စိတ်ဝင်စား၍ လာရောက်လေ့လာသော် ဂျပန်လူမျိုးတစ်ယောက်တည် မြန်မာပြည်၍ မြန်မာစကားကို သုံးနှစ်ခန့်မျှ လေ့လာအပြီး တတ်မြှောက်သွားသည့်ဟု မိမိကိုယ်ကိုယ်ထင်မှတ်ကာ မြို့ထဲသို့ တစ်ယောက်တည်း အလည်ထွက်လေရာတွင် “ငါမြန်မာစကားတော့ ကျွမ်းနေပြီ လူတွေကို စပ်စုကြည့်အုံးမှ”ဟုဆိုကာ အရှေ့တစ်နေရာတွင် ပုလင်းဝယ် ဒယ်ဝယ် အဟောင်းဝယ်တဲ့ အထမ်းသမားနဲ့ကုလားကြီးတစ်ယောက်ကို တွေ့၍ ထိုဂျပန်ကြီးမေးလိုက်ရတွင် “အစ်ကိုကြီး ဘာတွေဝယ်လဲခင်ဗျ” ကုလားကြီးပြန်ဖြေရာတွင် “ကုလားနော် လိုရင်းပဲပြောတယ်ဗျ၊ ကုလားလေ ဘာညာသလာကာဝယ်တယ်” ဂျပန်ကြီးမှာ ကျန်သောစကားကို နားလည်ပေမဲ့ ဘာညာသလာကာဆိုသော စကားကို နားမလည်၍ ခေါင်းကုတ်သွားရပါ၏။

နောက်တစ်ခုရှိပါသေးသည်။ မြန်မာစကားကို တတ်သော အင်္ဂလိပ်ကြီးတစ်ယောက် ဈေးထဲရှိ အဘွားအိုတစ်ယောက် ဈေးရောင်းနေရာတွင် မြန်မာစကားတတ်ကြောင်း ပြလိုသောကြောင့် သွားရောက်၍ ဤသို့မေး၏ “အဘွား ဘာတွေရောင်းနေလဲခင်ဗျ” အဘွားအိုမှာ အိမ်သုံးကုန်အသေးစားများကို ရောင်းသောကြောင့် ဤသို့ပြန်လည်၍ ဖြေ၏ “မြင်တဲ့အတိုင်းပါပဲ တိုလီမိုလီ ပေါ့ကွယ်” ဟုပြန်ဖြေရာ အင်္ဂလိပ်ကြီးမှာ တိုလီမိုလီ ဆိုသော စကားလုံးကို နားမလည်၍ ခေါင်းကုတ်သွားရ၏။

နိုင်ငံခြားသား လူမျိုးများကို မဆိုလင့် ကျွန်ုပ်တို့ မြန်မာပြည်တွင်ရှိ မြန်မာစကားသည် ပြည်နယ်အလိုက် တောရွာဓလေ့အလိုက် ပြောင်းတတ်ကြပေသည်။

ထို ဘလော့တွင် မြန်မာစာ မြန်မာစကားနှင့် ပတ်သက်သော အကြောင်းအရာများကို စုစည်းကိုးကား တင်ပြနိုင်သလောက် တင်ပြပေးသွားမှာ ဖြစ်ပါသည်။



{ZaunG}