ကိုယ့်ရှူး ကိုယ်ပတ်။ ။ ကိုယ့်ရှူးကိုယ်ပတ် ဆိုသကဲ့သို့ မိမိ၏ မကောင်းသော အကြံကြောင့် မိမိပင် ဒုက္ခဖြစ်သည်။ သူတစ်ပါး မကောင်းကြံ ကိုယ်မှာ ဘေးဒဏ်ထိ ဆိုရိုလည်းရှု။
“ကိုယ့်ရှူး ကိုယ်ပတ် ဆိုသလို အတ္တဆိုတဲ့ ငါ့စကားဖြင့် ပြန်ပတ်လျှင် အခက်သားပဲ။”
“ကိုယ့်အတတ်နှင့် ကိုယ်စူး၊ ကိုယ့်ရှူး ကိုယ်ပတ် ဦးတော့မယ်။”
ရှေးအခါက ရွာတစ်ရွာတွင် လူတစ်ယောက်သည် ပြစ်မှုကျူးလွန်မိသဖြင့် အမှုမှလွတ်ရန် ရှေ့နေငှားရမ်းသည်။ ရှေ့နေခကိုမူ အမှုပြီးမှ ပေးရန် သဘောတူထားကြသည်။ ရုံးတော်တွင် စစ်ဆေးသည်အခါ တရားခံသည် မေးသမျှကို ပြန်မဖြေပဲ ရှေ့နေမှာကြားထားသည့်အတိုင်း ရူးဟန်ဆောင်၍ ရှူးရှူး ဟုသာဆိုနေသည်။ နောက်ဆုံးမှာ ရုံးမင်းသည် ဤလူသည် စိတ်မနှံ့သူ တစ်ဦးသာဖြစ်သည်ဟုဆိုကာ အမှုမှတရားသေလွတ်လိုက်သည်။ တရားပြီးပြတ်၍ ရှေ့နေက အမှုသည်ထံမှ ရှေ့နေခတောင်းသည့်အခါ မပေးဘဲ ရှူးရှူးဟုသာ ဆိုလေသည်။ ရှေ့နေသည် မကြံတတ်တော့ဘဲ ကိုယ့်ရှူးက ကိုယ့်ကို ပြန်ပတ်ချေပြီဟု ညည်းညူလေသည်။

ကျမ်းကိုး။ ။[၁၂၉၆] ဒေရီ၊ စ။ ၂၁။
“ကိုယ့်အတတ်နှင့် ကိုယ်စူး၊ ကိုယ့်ရှူး ကိုယ်ပတ် ဦးတော့မယ်။”
ကျမ်းကိုး။ ။[၁၂၇၈]တင်မြ၊ ဒု။ ၁၉၃။
ရှေးအခါက ရွာတစ်ရွာတွင် လူတစ်ယောက်သည် ပြစ်မှုကျူးလွန်မိသဖြင့် အမှုမှလွတ်ရန် ရှေ့နေငှားရမ်းသည်။ ရှေ့နေခကိုမူ အမှုပြီးမှ ပေးရန် သဘောတူထားကြသည်။ ရုံးတော်တွင် စစ်ဆေးသည်အခါ တရားခံသည် မေးသမျှကို ပြန်မဖြေပဲ ရှေ့နေမှာကြားထားသည့်အတိုင်း ရူးဟန်ဆောင်၍ ရှူးရှူး ဟုသာဆိုနေသည်။ နောက်ဆုံးမှာ ရုံးမင်းသည် ဤလူသည် စိတ်မနှံ့သူ တစ်ဦးသာဖြစ်သည်ဟုဆိုကာ အမှုမှတရားသေလွတ်လိုက်သည်။ တရားပြီးပြတ်၍ ရှေ့နေက အမှုသည်ထံမှ ရှေ့နေခတောင်းသည့်အခါ မပေးဘဲ ရှူးရှူးဟုသာ ဆိုလေသည်။ ရှေ့နေသည် မကြံတတ်တော့ဘဲ ကိုယ့်ရှူးက ကိုယ့်ကို ပြန်ပတ်ချေပြီဟု ညည်းညူလေသည်။
ပုံပြင်
{ZaunG}

0 Comments Received
Leave A Reply