ကိုယ့်ကို ကိုယ်ဖော် မသူတော်ခုနစ်ပါး။ ။ တောက်တဲ့၊ ဇီးကွက်၊ ရွှေပြည်စိုး၊ ယောက်ဖခွေးခေါ်၊ ဥသြ၊ တစ်တီတူး၊ ဘုတ်၊ ဟူသော တိရစ္ဆာန် ခုနစ်ကောင်သည် မိမိအမည်ကို ထုတ်ဖော်သဖြင့် မတူတော်စာရင်းဝင်များ ဖြစ်ကြသကဲ့သို့ မိမိဂုဏ်ကို မိမိကိုယ်တိုင် ဖွင့်ဟကြွားဝါသူသည်လည်း မသူတော်စာရင်းဝင်ပင် ဖြစ်သည်။ ကိုယ့်ကိုကိုယ်ဖော် မသူတော် ဆိုရိုးလည်းရှု။
“ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး ဆိုသလို ကိုယ့်ဂုဏ်ပုဒ်ကို ကိုယ်က ထုတ်ပြီး ကြွားဝါတယ်ဆိုတော့ ဘယ်မှာသင့်မလဲ”
ကျမ်းကိုး။ ။[၁၂၉၅]သူရိယ၊ ၄။ ၆၇။

{ZaunG}