ကိုယ်ကကျူး ကိုယ့်ဒူးမယုံရ။ ။ မိမိကိုယ်ကလွဲလျှင် မိမိကိုယ်ကို ထောက်တည်ထားသည့် မိမိဒူးကိုပင် မယုံကြည်ရသကဲ့သို့ မိမိမှတစ်ပါး အခြားမည်သူ့ကိုမျှ မယုံရချေ။
“ကိုယ်ကကျူးလျှင် ကိုယ့်ဒူးကိုမှ မယုံနှင့် ဆိုတဲ့ စကားအတိုင်း ဘယ်အရာမှာမဆို အဖန်ဖန်အခါအခါ စဉ်းစားပြီး ယုံသင့်မှ ယုံကြရမယ်။”
“ကိုယ်ကကျူး ကိုယ့်ဒူးမှ မယုံသာ ဆိုတဲ့ အတိုင်းပဲ ပြင်ပအဖော်မိတ်ဆွေ ဆိုတာ အကောင်းအဆိုး အမျိုးမျိုးရှိလေတော့ အရာရာမှာ မယုံကြည်ရပေဘူး။”
ကျမ်းကိုး။ ။[၁၂၅၉] ဒဂုန်၊ ၁၅၉။ ၂၈၂။ကျမ်းကိုး။ ။[၁၂၈၈] သူရ၊ ပ။ ၉၉။
{ZaunG}

0 Comments Received
Leave A Reply