ကိုယ်မချိ အမိသော်လည်း သားတော်ခဲ။ ။ မိခင်သည် အတိဒုက္ခရောက်နေချိန်တွင် မိမိသားသမီးကိုပင် သားသမီးဟူ၍ မယူဆနိုင်သကဲ့သို့ မိမိ အတိဒုက္ခရောက် နေချိန်တွင် မည်သူကိုမျှ မငဲ့မထောက်နိုင်ဖြစ်သည်။ ကိုယ်မချိ အမိသော်လည်း သားတော်ခဲ ဆိုရိုးလည်းရှု။
ကမ္ဘာမီးလောင် သားကောင်ချနင်း နှင့်အတူတူ။
“သတ္တ၀ါတို့သည် အစာငတ်မွတ်ခေါင်းပါးသောအခါ ကိုယ်မချိ အမိသော်လည်း သားတော်ခဲ ဆိုသော စကားကဲ့သို့ မည်သူ့ကိုမျှ ညှာတာခြင်း မပြုနိုင်အောင်ရှိသဖြင့်....”
ကျမ်းကိုး။ ။[၁၂၈၃] ပညာအလင်း၊ ၄၊ ၁၊ ၅။

“ငါ့သမီးတော့ ဒီရန်သူရဲ့လက်အောက်မှာ အခိုင်းအစေ ခံရရှာတော့မယ်။ အဖေအသည်းနာလှတယ် သမီးရယ်။ အဖေလည်း ကိုယ်မချိ အမိသော်လည်း သားတော်ခဲ ဆိုသလိုမို့သာ ခွင့်လွှတ်ရမှာပဲ။”
ကျမ်းကိုး။ ။[၁၃၁၂]ပဒေသာ၊ ၁၊ ၅။ ၉၇။


{ZaunG}