ကမ္ဘာမီးလောင် သားကောင်ချနင်း။ ။ ကမ္ဘာကြီး မီးလောင်သကဲ့သို့ အလွန် ပူပြင်းသောအခါ မိခင်ဖြစ်သူသည် မိမိသက်သာရာ ရစေရန် မိမိသားသမီးကိုပင် မြေတွင်ချ၍ မိမိလွတ်မြောက်ရာ လွတ်မြောက်ကြောင်းကိုသာ လုပ်ဆောင်သည်။
ကိုယ်မချိ အမိသော်လည်း သားတော်ခဲ နှင့် အတူတူ။
ကိုယ်မချိ အမိသော်လည်း သားတော်ခဲ နှင့် အတူတူ။
“ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလို မတတ်သာလို့ သမီးလေး ပေးရတာ ကံတာချပါတော့ အမိရယ်။” ကျမ်းကိုး။ ။[၁၂၉၇] ဒဂုန်၊ ၁၈၆။ ၁၅၀။
ရှေးအခါက သဲကန္တရကို ဖြတ်သန်း၍ ခရီးသွားလာကြသော လှည်းကုန်သည်တို့သည် လမ်းခရီးတစ်နေရာတွင် ညအိပ်ရပ်နားပြီး နံနက်အချိန် အဆောတလျင် ခရီးနှင်ကြရာ မိခင်တစ်ဦးနှင့် ကလေးငယ်တို့ ကျန်ခဲ့သည်။ နေမြင့်သောအခါ သဲပူလွန်းသဖြင့် ခြေဖြင့်မနင်းနိုင်ဘဲ တောင်းကိုချ၍ နင်းသည်။ တောင်းပူလာသောအခါ ခေါင်းခုအ၀တ်ကို ချ၍ နင်းပြန်သည်။ ခေါင်းခုအ၀တ်ပူလာသောအခါ ရင်ခွင်ပိုက်ထားသော သားငယ်ကို သဲပေါ်ချကာ တတ်နင်းလေသည်။ နောက်ဆုံးတွင် မိခင်လည်း သေဆုံးရလေသတည်း။ကျမ်းကိုး။ ။သံယုတ္တနိကာယ်၊ ခန္ဓ၀ဂ္ဂအဠကထာ။ ၂၆၈။
{ZaunG}

0 Comments Received
Leave A Reply