ကောက်ညှင်းကမစေး၊ ဆန်ကြမ်းကစေး။ စေးသင့်သော ကောက်ညှင်းက မစေးဘဲ မစေးသင့်သော ဆန်ကြမ်းက စေးနေသကဲ့သို့ နှစ်ဦးနှစ်ဖက်ရှိရာတွင် သဘာဝအလျောက် ရှက်ရ နာရမည့်ဘက်က မမျှမဖြစ်ဘဲ မရှက်မနာရမည့်ဘက်က အဖြစ်သည်းသည်။ မြင်းက မလှုပ် ခုံကလှုပ် နှင့်အတူတူ။

“အောင်မာ အောင်မာ၊ ကောင်ညှင်းက မစေး၊ ဆန်ကြမ်းက စေး ရတယ်လို့ မိန်းကလေးလုပ်တဲ့လူက မနာ၊ မင်းက နာရတယ်လို့ ရှိသေး။”
ကျမ်းကိုး။ ။[၁၃၃၉] ငွေတာရီ၊ ၂၁၁၊ ၁။ ၆၈။

{ZaunG}