ကိုယ်ကောင်း ခေါင်းဘယ်မရွေ့။ ။ ကိုယ်ခန္ဓာကောင်းနေလျှင် ဦးခေါင်းသည် အခြေအနေမပျက် ရပ်တည်နိုင်သကဲ့ အခြေခံစေတနာမှန်ကန်လျှင် အခြေအနေမပျက်ရပ်တည်နိုင်သည်။
“အချို့ကလည်း အမနာပစကား တရားမဲ့သည်ဟု ဆိုသူဆို၊ ကြည်ညိုသူ သူတော်ကောင်းတို့ကလည်း ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှ မရွေ့ဘူး ထူးလို့သာ ကြည်ညိုလျက်ရှိကြကြောင်း။”
ကျမ်းကိုး။ ။[၁၂၇၅] စံပယ်။ ၂၃၀။


{ZaunG}