ကိုယ့်ငါးချဉ် ကိုယ်ချဉ်။ ။ သူတစ်ပါး၏ ငါးချဉ်သည် မချဉ်၊ မိမိငါးချဉ်မှသာ ချဉ်သည်ဟု ထုတ်ဖော်ပြောဆိုသကဲ့သို့ မိမိနှင့် စပ်ဆိုင်သည့်အရာကိုမှ ကောင်းသည်ဟု မှတ်ယူပြောဆိုသည်။

“မိန်းကလေးဟာ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ဘူး။ တစ်ကယ့်ကို မင်းကတော်ရုပ်ပေါက်တာ။”
ကျမ်းကိုး။ ။[၁၂၉၈] စာဥ။ ၇၂။

{ZaunG}