ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး။ ။ ကုသိုလ်ကံ ဇာတာညံ့နေသည့် အချိန်ဖြစ်ပါက သံတိုင်ကို တိုင်ထူ၍ အိမ်ဆောက်စေကာမူ သံတိုင်ကျိုးသည့်အဖြစ် ကြုံရသကဲ့သို့ မူလအခြေခံ ညံ့ဖျင်းလျှင် လုပ်သမျှအရာမထင်ဖြစ်တတ်သည်။
“အသက်ကို ပန်းတစ်ပွင့် အနှုန်းထား၍ ကြိုးစားဆောင်ရွက်နေကြသည် အတွင်း ကံမခိုင် သံတိုင်အိမ်ဆောက်တော့ ကံမှောင်လျှင်ကျိုး ဟူ၍ ရှေးပညာရှိ ဆိုခဲ့သည်နှင့်အညီ..”
ကျမ်းကိုး။ ။[၁၂၉၁] က၀ိမှန်၊ ၃၊ ၉။ ၅၄။
“ကံမခိုင်တော့ သံတိုင် အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး ဆိုတာမျိုးလို အဘိုးအိုဇရာဒုဗ္ဗလ အရွယ်မှာ မဟာဒုက်မကအောင် မွဲလို့ခွက်လက်စွဲကာ တောင်းရမ်းစားသောက်ရတယ်တဲ့။”
ကျမ်းကိုး။ ။[၁၂၉၈-ခန့်]အနဂ္ဃ၊ ပ။ ၃၄။

{ZaunG}

0 Comments Received
Leave A Reply