ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွား အလကားကျောင်း။ ။ အဖိုးအခ မရဘဲ ကြီးတော်၏ နွားကို ကိုယ့်စရိတ်နှင့်ကိုယ် ကျောင်းသကဲ့သို့ မိမိအလုပ်ကို လျစ်လျူရှု၍ မိမိအတွက် အကျိုးမရနိုင်သော သူတစ်ပါးအလုပ်ကို လုပ်ပေးသည်။
“မင်းတို့အလုပ်က ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်း ပေးရတဲ့ အလုပ်ပါ ငြိမ်းမောင်ရာဟု နာကြည်းအောင် ပြောခဲ့သည်။”
ကျမ်းကိုး။ ။[၁၃၄၇]တောကအမေ။ ၆။


{ZaunG}