ကိုယ့်တပ် ကိုယ် ပြန်နင်း။ ။ တပ်ဦးမှ တိုက်သော ဆင်သည် ရန်သူကို နင်းရမည့်အစား မိမိတပ်ကို မိမိပြန်၍ နင်းသကဲ့သို့ မိမိဘက်သားများ အကျိုးမဲ့အောင် ပြုလုပ်သည်။ ( ကိုယ့်တပ်က ကိုယ့် ပြန်တိုက် ဟု၍လည်းအသုံးရှိသည်)
“ဒီလူတန်းစားက သူတို့ အကျိုးစီးပွားနဲ့ ဆိုင်တဲ့ ကိစ္စဆိုရင် ကိုယ့်တပ် ကိုယ်ပြန်နင်းတတ်တယ်ဆိုပြီး သတိပေးတဲ့ ကာတွန်းပဲ”
“ကိုယ့်တပ်က ကိုယ့် ပြန်တိုက် ဆိုသကဲ့သို့လည်းကောင်း၊ ကိုယ့်လူ သူ့ဘက်သား ဆိုသကဲ့သို့လည်းကောင်း...”
“ဒီလူတန်းစားက သူတို့ အကျိုးစီးပွားနဲ့ ဆိုင်တဲ့ ကိစ္စဆိုရင် ကိုယ့်တပ် ကိုယ်ပြန်နင်းတတ်တယ်ဆိုပြီး သတိပေးတဲ့ ကာတွန်းပဲ”
ကျမ်းကိုး။ ။[၁၃၃၁] ရွှေရိုး၊ ပ။ ၆၀။
“ကိုယ့်တပ်က ကိုယ့် ပြန်တိုက် ဆိုသကဲ့သို့လည်းကောင်း၊ ကိုယ့်လူ သူ့ဘက်သား ဆိုသကဲ့သို့လည်းကောင်း...”
ကျမ်းကိုး။ ။[၁၂၇၅]စာဏကျ၊ ပ။ ၉၆။
{ZaunG}

0 Comments Received
Leave A Reply