ကံကောင်းတဲ့ ကျား သွားရင်း သမင်တွေ့။ ။ ကံကောင်းသော ကျားသည် သွားရင်းလာရင်း မမျှော်လင့်ဘဲ သမင်နှင့် ပက်ပင်းတိုး၍ သမင်းသားစားရသကဲ့သို့ ကံကောင်းသူသည် မမျှော်လင့်ဘဲ အခွင့်ကောင်းနှင့် ကြုံတွေ့ရသည်။ ( ကံကောင်းတဲ့ ကျား သားကောင်နှင့် ရင်ဆိုင်တွေ့ ဟု၍လည်း အသုံးရှိသည်။ )
“ ကံကောင်းတဲ့ ကျား သားကောင်နှင့် ရင်ဆိုင်တွေ့ ဆိုသလို ငါကိုယ်တော်မင်းသား စဉ်းစားတိုင်း ၀မ်းမြောက်တော်မူလှချည်ရဲ့။”
“ ကံကောင်းတဲ့ ကျား သားကောင်နှင့် ရင်ဆိုင်တွေ့ ဆိုသလို ငါကိုယ်တော်မင်းသား စဉ်းစားတိုင်း ၀မ်းမြောက်တော်မူလှချည်ရဲ့။”
ကျမ်းကိုး။ ။[၁၂၉၇] ဒဂုန်၊ ၁၆၊ ၁၈၁။ ၂၁၆။
“ ကံကောင်းတဲ့ ကျား လမ်းသွားရင်း သမင်နဲ့တွေ့ ဆိုသလို မုဆိုးဖို ညွန့်တင်မှာ ထားရီအနီးမှ မခွာချင်သည်နှင့် အဆင်သင့်ပင်.....”ကျမ်းကိုး။ ။[၁၂၉၉] ဒဂုန်၊ ၁၀၇။ ၂၁၈။
{ZaunG}

0 Comments Received
Leave A Reply