ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်။ ။ ကိုယ့်မြင်းနှင့် ကိုယ်စိုင်းရာတွင် စစ်ကိုင်းသို့ပင် ရောက်ရောက်၊ မည်သည့်နေရာသို့ပင် ရောက်ရောက် မမှုသကဲ့သို့ မိမိလုပ်လိုရာကို ဖြစ်ချင်ရာဖြစ် တစ်ဇွတ်ထိုး ပြုလုပ်သည်။ ( ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်။ ငါ့မြင်း ငါစိုင်း ညောင်းကိုင်းရောက်ရောက် ဟု၍လည်း အသုံးများရှိသည်။)
ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက် နှင့်အတူတူ။
“ဝေေ၀တစ်ယောက် ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ဟု ထင်ရာလျှောက်လုပ်နေပြီလား။”
ကျမ်းကိုး။ ။[၁၃၃၂] မြ၀တီ၊ ၁၈၊ ၁၁။ ၂၂၄။
“ကိုယ်ထင်ရာ ကိုယ်ပြော ကိုယ်လုပ်သဘောမျိုးဖြစ်နေလျှင် အချင်းချင်းပင် ညီညွတ်တူမျှ မရှိသဖြင့် ငါ့မြင်း ငါစိုင်း ညောင်ကိုင်းရောက်ရောက် ဟူသကဲ့သို့.....”
ကျမ်းကိုး။ ။[၁၂၈၀-ခန့်]ထိလက်စွဲ၊ ဒု။ ၁၅၂။
{ZaunG}

0 Comments Received
Leave A Reply