ကိုယ်ထင် ခုတင်ရွှေနန်း။ ။ မြတ်နိုးလျှင် မိမိအသုံးပြုသော ခုတင်ကိုပင် ရွှေနန်းတော်ဟု ထင်မှတ်သကဲ့သို့ မိမိ မြတ်နိုးသောအရာ ဖြစ်လျှင် တန်ဖိုးမရှိစေကာမူ အလွန်တန်ဖိုးရှိသောအရာဟု စိတ်တွင် ထင်မှတ်သည်။ မချစ်မလှ၊ ချစ်လျှင်လှ ဆိုရိုးလည်းရှု။
“ကိုယ်ထင် ခုတင်ရွှေနန်း ဆိုသလို ဘယ်သူပင်ရယ်ရယ် ကိုယ်ရတဲ့ စည်းစိမ်နှင့် တင်းတိမ်လျှင် ပြီးရောပေါ့။”

ကျမ်းကိုး။ ။[၁၂၈၆]သောတ၊ ပ။ ၂၁၇။

“သူ့အပြောတော့ သိပ်ချောသတဲ့၊ ကျွန်တော်တို့ မျက်စိထဲမှာတော့ တော်ရုံပါပဲ။ ကိုယ်ထင်ရင် ခုတင်ရွှေနန်းမို့ မကဲ့ရဲ့သာပြီ။”
ကျမ်းကိုး။ ။[၁၂၉၅] သူရိယ၊ ၁၇၊ ၁၁။ ၅၀။


{ZaunG}