ကလိမ်စေ့ ငြမ်းဆင်။ ။ စေတီပုထိုး အဆောက်အအုံများကိုသာ ငြမ်းဆင်ရမြဲဖြစ်သည်။ ကလိမ်စေ့သည် ငြမ်းဆင်ရသော အရာမဟုတ်။ ထိုသို့မဟုတ်ပါပဲလျက် ကလိမ်စေ့ကို ငြမ်းဆင်သည်ဟု ဆိုသကဲ့သို့ ယုတ္တိမတန်သော စကားကို လှည့်ပတ်ပြောဆိုသည်။

“ အဘိုးအိုမှာ အရက်သမားတို့၏ ကလိမ်စေ့ ငြမ်းဆင်ကာ ယုတ်မာပုံကို ခေါင်းတခါခါနှင့် ရှင်းလင်းနေပါသည် ”
ကျမ်းကိုး။ ။[၁၃၁၉] မြ၀တီ ၅၊ ၃။ ၂၂၆။


{ZaunG}