ကောက်သော် စားမလောက်၊ ဖြောင့်သော် စားမနိုင်။ ။ တံငါသည်သည် ကောက်သောငါးမျှားချိတ်ဖြင့် တစ်နေကုန် ငါးမျှားသည့်တိုင်အောင် လှေတစ်စင်းစာ ငါးမရနိုင်၊ မုဆိုးသည် ဖြောင့်သောမြားဖြင့် ပစ်ခတ်လျှင် တစ်နေ့တည်း လှေတစ်စင်းစာမက ရနိုင်သည်။ ထို့အတူ ကောက်ကျစ်သော် နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုသော် ၀၀လင်းလင်းမစားရ၊ ဖြောင့်မှန်သော နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပါက စားမကုန်နိုင်အောင် ကြွယ်ဝမည်။

“အရှင်မင်းကြီး မုဆိုးသည် မြားဖြောင့်နှင့် တစ်နေ့လည်၍ ရှာသော် လှေလောင်းတစ်စင်းပြည့်၏။ တံငါသည် ငါးမျှားကောက်နှင့် တစ်နေ့လည်၍ရှာသော် လှေလောင်းတစ်စင်းမပြည့်နိုင်။ ထို့ကြောင့် ကောက်သော် မစားလောက်၊ ဖြောင့်သော် မစားနိုင် ဟု ပညာရှိတို့ ဆိုကြကုန်၏။”
ကျမ်းကိုး။ ။[၁၁၄၃]ဏိပုံ။ ၆၉။

{ZaunG}