ကတွတ်ပေါက်က ဗျိုင်းစောင့်။ ။ ဗျိုင်းသည် ကတွတ်ပေါက်မှ ထွက်လာမည့် ငါးကို ဖမ်းရန် စောင့်မျှော်နေသကဲ့သို့ အခွင့်အလမ်း တစ်စုံတစ်ရာကို မျှော်လင့်ခြင်း ကြီးစွာဖြင့် စောင့်ကြည့်နေသည်။ ( ကတွတ်ဝ ဗျိုင်းစောင့်။ ဆည်ဝ ဗျိုင်းစောင့် ဟု၍လည်း အသုံးရှိသည်။ )

“တစ်ဦးတစ်ယောက်သည် အခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား တွေ့ဆုံလိုသဖြင့် ပုဂ္ဂိုလ်လာသော လမ်းမှ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရလျှင် ကတွတ်ပေါက် ဗျိုင်းစောင့် နေရသည်ဟု ဆိုစမှတ်ပြုကြလေသည်”။
ကျမ်းကိုး။ ။[၁၃၂၈] ဘာသာစာ။၂၄၂။


{ZaunG}