ကိုယ့်ပေါင် ကိုယ်လှန်ထောင်း။ ။ ကိုယ်နာကျင်မည်ကို အမှု မထားမိဘဲ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသကဲ့သို့ မိမိ နစ်နာရမည်ကို မတွတ်မိဘဲ မိမိဘက်မှ အားနည်းချက်ကို ဖွင့်ဟပြောဆိုသည်။
“ရှေးက လုပ်ကြကိုင်ကြပုံ နုံတယ်ဆိုရမှာကလည်း ခက်ဘိတောင်း။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို နေတယ်။”
ကျမ်းကိုး။ ။ [၁၂၇၈] တင်မြ၊ ပ။ ၁၇၉။

{ZaunG}